ဘာသာစကား

  • Myanmar
  • English
Home » Content » မျိုးစေ့ထုတ်သူများသိရှိ လိုက်နာရမည့်အချက်များ

မျိုးစေ့ထုတ်သူများသိရှိ လိုက်နာရမည့်အချက်များ

၁။ မျိုးစေ့ (Seed)

  • စိုက်ပျိုးရန်ရည်ရွယ်
  • မျိုးစေ့အဆင့်အလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သီးနှံ၏မူလမျိုးရိုးဗီဇ၊ ရုပ်သွင်များ ထပ်တူညီမျှရရှိရန် စနစ်တကျထိန်းသိမ်းထုတ်လုပ်ရရှိသော သစ်စေ့

၂။ သီးနှံစေ့/ မျိုးဆန် (Grain)

  • စားသုံးရန် ရည်ရွယ်
  • သားဆက်ပေါင်းများစွာ နှစ်စဉ်ဆက်တိုက်စိုက်
  • ဗီဇအရည်အသွေးညံ့
  • အထွက်နှုန်းလျော့
  • အရည်အသွေး ကျဆင်း

၃။ မျိုးကောင်း

  • အထွက်နှုန်းကောင်း
  • စားသုံးမှုကောင်း
  • ပိုးမွှားရောဂါဒဏ်ခံနိုင်
  • နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်း
  • ဓာတ်မြေသြဇာ တုန့်ပြန်မှုကောင်း

၄။ မျိုးသန့်

  • မျိုးတစ်မျိုး၏ မျိုးစေ့ထဲတွင် အခြားမျိုးကွဲ၊ ပေါင်းစေ့၊ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်၊ မျိုးရိုးဗီဇသန့်စင်
  • အပင်ဖြစ်ထွန်းမှုကောင်း
  • အပင်ညီညာ
  • ပန်းပွင့်ရက်ညီညာ
  • ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်၊ အသီး၊ အပွင့်ပုံသဏ္ဍာန်ကွဲလွဲမှုမရှိ
  • အခြားသီးနှံနှင့် ပေါင်းမြက်ကင်းစင် 

၅။ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ အသုံးပြုစိုက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

  • မျိုး၏ ကောင်းမွန်သော မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်
  • အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်
  • မြေသြဇာ၊ အစိုဓာတ်၊ အလင်းရောင်စသည်တို့ ပိုမိုအသုံးပြုနိုင်
  • အပင်အောင်မြင်ဖြစ်ထွန်းမှုကောင်း
  • ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်
  • ပေါင်းမြက်ကင်းစင်
  • ပိုးမွှား၊ ရောဂါကင်းစင်
  • ရင့်မှည့်မှုညီညာ၊ ရိတ်သိမ်းချိန် အလေ့အလွင့်နည်း
  • အခြားမျိုးကွဲများ မပါဝင်
  • အခြားမျိုးများထက် အထွက်နှုန်း (၁၀-၂၀) ရာခိုင်းနှုန်းပိုမိုထွက်

၆။ မျိုးစေ့အဆင့်များ သတ်မှတ်ခြင်း

ပင်တည်းဝတ်မှုန်ကူးသီးနှံများ (Self Pollinated Crops)
၁။ မိဘမျိုးစေ့ (Breeder Seed)
၂။ ဆင့်ပွားမျိုးစေ့ ( Foundation Seed)
၃။ မျိုးသန့်မျိုးပွားမျိုးစေ့ ( Registered Seed)
၄။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed)

ပင်ခြားဝတ်မှုန်ကူးသီးနှံများ ( Cross Pollinated Crops)
၁။ မိဘမျိုးစေ့ (Breeder Seed)
၂။ ဆင့်ပွားမျိုးစေ့ ( Foundation Seed)
၃။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed)

၇။ မျိုးကွဲ (Offtype)

  • စိုက်ပျိုးသီးနှံပင်နှင့်မျိုးစိတ် (Species) တူသော်လည်း ပြင်ပရုပ်သွင် လက္ခဏာ (Morphological Character) ကွာခြားသောအပင် (အပင်ပုံသဏ္ဍာန်၊ အကိုင်းအခက်၊ အရွက် (ပုံသဏ္ဍာန်၊ အရောင်၊ အမွှေးပါမှု၊ အမွှေး ထူမှု/ ပါးမှု)၊ ပန်းပွင့် (အရောင်၊ အရွယ်အစား)၊ ရင့်မှည့်မှု၊ ပင်ပွားထွက်မှု၊ ရောဂါခံနိုင်မှုစသည် ကွာခြားမှု)
  • စိုက်ပျိုးသီးနှံပင်နှင့် မျိုးပြား(Variety) မတူသောအပင်

၈။ မျိုးရောကာကွယ်မှု

  • မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မျိုးရောမှုကာကွယ်ရေးနယ်နိမိတ် (Isolation distance) များသတ်မှတ်ထား

ဥပမာ - စပါး ၁၀-ပေ၊ ဂျုံ ၁၀-ပေ၊ မြေပဲ ၁၀-ပေ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲ ၁၀-ပေ၊ ဝါ ၁၅၀/၁၀၀ပေ၊ ပဲစဉ်းငုံ ၆၀/၃၀ ပေ၊ အစေ့ထုတ်ပြောင်း ၆၀၀/၃၀၀၊ နှမ်း ၃၀၀/၁၅၀၊ နေကြာ ၂၆၄၀ ပေ

၉။ မျိုးရွေးချယ်မှုနှင့် မျိုးစေ့ကြိုတင်စုဆောင်းမှု

  • ရေမြေအနေအထား၊ ဒေသကိုက်ညီ၊ စျေးကွက်ရှိသောမျိုးရွေးချယ်ရန်
  • အသုံးပြုမည့်မျိုးစေ့ အချိန်မီဆက်သွယ်ရယူရန်
  • တစ်ဧက (၁-၁.၅) တင်းနှုန်း စုဆောင်း၊ စနစ်တကျသန့်စင်ပြီး မျိုးဖြစ်က တစ်ဧက (၆-၈) ပြည်ဖြင့် လုံလောက်
  • မျိုးစေ့လိုအပ်ချက်ကို တွက်ချက်စုဆောင်းရန်လိုအပ်
  • စံချိန်စံညွှန်းပြည့်မီသည့် ထောက်ခံချက်ပါ မျိုးစေ့ဖြစ်ရန်လိုအပ်
  • (စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (C.S) ထုတ်လုပ်လိုပါက အပြာရောင်လေဘယ်ကဒ်ဖြင့် ထောက်ခံ ချက်ပါသော မျိုးသန့်မျိုးပွားမျိုးစေ့ကိုသုံး၊)
  • ပျိုးမထောင်မီ မျိုးစေ့အိတ်ကို လေဝင်လေထွက်ကောင်း၊ ကြွက်၊ ငှက်မဖျက်ဆီးနိုင်သော နေရာ၊ ရေမစိုသောနေရာ စနစ်တကျထား

၁၀။ မြေနေရာရွေးချယ်ခြင်း

  • ရေသွင်း၊ ရေထုတ်လွယ်ကူသောနေရာ
  • မြေဆီသြဇာထက်သန်မြေ
  • မျိုးပြားတူစိုက်ခဲ့သောနေရာ ဦးစားပေးရွေးချယ်ရန်
  • အရိပ်လွတ်၊ နေရောင်ခြည်ကောင်းစွာရရှိသောနေရာ
  • ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိသော ယခင်ရာသီက ပိုးမွှားရောဂါ ပြင်းထန်စွာ ရောဂါကျရောက်ခဲ့သည့် မြေကွက်ရှောင်
  • လက်မခံနိုင်သည့်ပေါင်း (နှိမ်နှင်းရန်ခက်၊ အဆိပ်အတောက်ဖြစ်စေသော ပေါင်းထူစွာ ပေါက်လေ့ရှိသော) မြေကွက်ရှောင်
  • စိုက်ခင်းအတွက် ရွေးရာတွင် မျိုးရောမှုကာကွယ်နိုင်ရန် အခြားမျိုးပြားစိုက်ခင်းနှင့် အနည်းဆုံး (၁၀) ပေကွာကို ဖြစ်နိုင်အောင် ရွေးပါ
  • အထူးသဖြင့်မြေညီညာရမည်၊ရေနေရေထိုင်ကောင်းရမည်၊ မြေဆီလွှာအဆင့်အတန်း ညီရမည်
  • မြေဆီလွှာအဆင့်အတန်း မညီညာပါက သီးနှံပင်ဖြစ်ထွန်းမှု မညီညာခြင်း၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်မညီညာခြင်း ဖြစ်ပေါ်ပြီး  မျိုးကွဲပယ်ရာတွင် အခက်အခဲဖြစ်တတ် 

၁၁။ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရာတွင် သတိပြုရန်အချက်များ

  • မျိုးစေ့အဆင့်အလိုက် မျိုးစေ့ရယူမှု ( Seed Source) မှန်ပါစေ
  • စိုက်နည်းစနစ်များ မှန်ပါစေ
  • မျိုးစေ့သန့်စင်ရေးဆောင်ရွက်မှုအဆင့်တိုင်းတွင် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ရှိပါစေ
  • ထွက်ရှိလာသည့်မျိုးစေ့ကို အရည်အသွေးစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှသာ မျိုးအဖြစ်သုံးပါ

မျိုးစေ့ရယူမှု (Seed Source) မှန်ကန်သော်လည်း သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်နိုင်မှုမရှိပါက မိဘမျိုးစေ့ (B-S) ပင် စိုက်ဖြစ်ပါစေ (Grain) သာရမည်ကို သတိ ပြုရန် လိုအပ်ပါသည်။