Language

  • Myanmar
  • English
Home » Node » မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR)

မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR)

24 Jan 2020

အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ တောင်သူလယ်သမားများ သုံးစွဲနိုင် စေရန်၊ မျိုးစေ့သုံးစွဲသူများနှင့်  ဖြန့်ဖြူးသူများအကြား ဆက်သွယ်မှု ကောင်းမွန်လာစေရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် မိတ်ဖက်အဖွဲ့အစည်းများ မျိုးစေ့ကဏ္ဍတွင်ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်မှု အားကောင်းလာစေရန်  ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၀ (2020 Seed Fair) ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေပြည်တော်၊ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံ ကျောင်းဝန်းအတွင်း စိုက်ကွင်းများတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
မျိုးစေ့ပြပွဲ ၂၀၂၀ (2020 Seed Fair) တွင် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိက မျိုးစေ့ ပြခန်းများနှင့် စက်ပစ္စည်းကိရိယာပြခန်းများပါဝင်ပြသမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေ ဖြင့် မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် သိရှိလိုသည်များကို လည်း သက်ဆိုင်ရာပညာရှင်များက ဖြေကြားရှင်းလင်းပေးနိုင်ရန် စီစဉ်ထားရှိပါသည်။ ထို့အပြင် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် မိုဘိုင်းဆော့ဝဲများကို အခမဲ့ထည့်သွင်း ပေးခြင်း၊ ဆော့ဝဲသုံးစွဲနည်းပြသပေးခြင်းတို့ကိုလည်း ကျွမ်းကျင်သူများက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူမည်သူမဆို လာရောက်လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်ရှင့်။

.

.

.

Photo Credit ####