Language

  • Myanmar
  • English
Home » Node » မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) (ဒုတိယနေ့) (၁၉-၂-၂၀၂၂)

မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) (ဒုတိယနေ့) (၁၉-၂-၂၀၂၂)

19 Feb 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022)
(ဒုတိယနေ့)(၁၉-၂-၂၀၂၂)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျင်းပသည့် မျိုးစေ့ပြပွဲ ၂၀၂၂ ဒုတိယနေ့တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ လုပ်သားပြည်သူများနှင့် တောင်သူများအင်အားစုစုပေါင်း (၅၀၀) ဦးခန့်မှာ ခင်းကျင်းပြသထားသော ပြခန်းများ၊ စိုက်ခင်းများသို့ စိတ်ပါဝင်စားစွာလာရောက်လေ့လာကြသည်။
ထို့အပြင် နေ့လယ်ပိုင်းတွင် ကျင်းပသည့် ‘လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်း မျိုးသန့်သုံးကြစို့’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲအားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအပါအဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တောင်သူ လယ်သမားများ (၁၀၀) ဦးကျော်မှာ ကိုယ်တိုင်ပါဝင်တက်ရောက်ကြသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လူငယ်စွန့်ဦးပညာရှင် (၁၀၀၀) ဦးခန့် မှာလည်း online မှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။