Language

  • Myanmar
  • English
Home » News » Latest News » ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)

26 Sep 2018

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အထိမ်းအမှတ်အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ( ၁၆ - ၁၀ - ၂၀၁၈) ရက်နေ့တွင် ကျင်းပခဲ့ရာအဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ FAO နှင့် NGO/INGO များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထန်း၊အုန်း၊ သရက်၊ ခရမ်းချဉ်သီးများ ဖြင့်ပြုလုပ်သည့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများဖြစ်သောအားဖြည့် အာဟာရမှုန့်၊ အချိုမှုန့်အစား ထိုးဟင်း ခတ်မှုန့်၊ Salted Pigeon Pea၊ Chiffon Cake၊ စာကလေးခွေ၊ ပဲစဉ်းငုံပူတင်း၊ ကွတ်ကီးမုန့်များအား ခင်းကျင်း ပြသခဲ့ပါသည်။